Friday 22 March 2013

Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးနည်း




မင်္ဂလာပါခင်ဗျာ... နည်းပညာဥယျာဉ် ရဲ့ ပို့လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..

အရင်ကတော့ Browser နှစ်မျိုး သုံးမျိုး ထားသုံးကြတာပါ... ခုနည်းလေးကတော့ တကယ်မိုက်ပါတယ်...


Browser တခုထဲကနေ Facebook အကောင့် ၂ခု ၃ခု , Gmail အကောင့် ၂ခု ၃ခု ကို တပြိုင်ထဲ သုံးချင်လို့ပါဆိုပြီး မေးထားလို့ အားလုံး ဗဟုသုတရအောင် မျှဝေပေးလိုက်ပါတယ်...။Chorme Browser နဲ့ Firefox Browser မှာ မိမိတို့ ရှိသမျှ Facebook,Gmail,twitter စ,တဲ့အကောင့်တွေကို တပြိုင်ထဲ Login ဝင်လို့ရနိုင်ပါတယ်.... Firefox Browser အတွက်ကိုတော့ Extension လေးတစ်ခုကို Browser မှာ Add ပေးရမှာပါအဲ့မှာကလစ်လိုက်ပါ....http://br.mozdev.org/multifox/   နှိပ်ပါ Install Multifox ကို နှိပ်ပါ လမ်းညွှန်တဲ့အတိုင်း Install ပေးလိုက်ပါ ... ပြီးရင် Firefox Browser ကို Restart ချပေးလိုက်ပါ (Firefox ကို ပိတ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ)
ကီးဘုတ်က Ctrl + Alt + M ကိုနှိပ်ပြီး Facebook နှစ်ခု သုံးခု Gmail နှစ်ခု သုံးခုကို Browser တစ်ခုထဲမှာ Login ဝင်နိုင်ပါပြီ....

Chrome Browser မှာတော့ မည်သည့် Extension မှ ထည့်ပေးစရာမလိုပါဘူး ကီးဘုတ်က Ctrl + Shift + N ကိုနှိပ်ပြီး ရှိသမျှ Account တွေကို Login ဝင်လို့ရအောင်ဖန်တီးပြီးသားပါ.....အားလုံးအဆင်ပြေကြပါစေ......
ဝင်းကမ္ဘာကျော်

မူရင်း......http://sun-itgarden.blogspot.com/
ကျတော်နည်းပညာဥယျာဉ်က
တဆင့်ဖော်ပြပေးတာပါ သိထားပီးသားကိုကိုတွေ၊ မမတွေအတွက်မရည်ရွယ်ပါဘူးနော်
အဲ့ဒါမျိုးလည်း တစ်ခါမှမတင်ဖူးပါဘူး အဆင်ပြေမယ်လို့ထင်ပါတယ်..


1 comment:

  1. မဆိုးပါဘူးကောင်းပါတယ်
    ဒါပေမယ့် တချို့မှာတော့ မရဘူး ကိုဇေယျာ အောက်ဒိတ်ဖြစ်နေတဲ့
    င်္Firefox တို့ other browsers တွေမှာပေါ့

    ReplyDelete